ကိုယ့်အတွက်သာ ကိုယ်သိမ်းထားပါ

အားလုံးအတွက် ဒစ်ဂျစ်တယ်လုံခြုရေးစနစ်။
အင်္ဂလိပ်လိုဖတ်ရန် / English version

ကမ္ဘာ့အချို့ တိုင်းပြည်များတွင် သင်၏ဖုန်းနှင့်သင်ပြောဆိုရာနှင့်လုပ်ဆောင်မှုကို ပိုမိုလွယ်ကူစေရန်နှင့်တရားရုံးတွင် သင့်အားဆန့်ကျင်ရန်အတွက် ပြည်နယ်ဥပဒေများကိုပြောင်းလဲနေကြပါတယ်။ အောက်တွင်ပြထားသော အချက်များကို လုပ်ဆောင်ပြီး သင့်ရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးစနစ်ကို ပိုမိုအင်အားရှိလာအောင် လုပ်လိုက်ပါ။ ဒီနေ့ မျှဝေပေးမယ့် အကြောင်းအရာ အဆင့်ဆင့်တွေကို မိမိကိုယ်ကို ကာကွယ်ဖို့အတွက် လိုက်နာဆောင်ရွက်ပေးဖို့ လိုသလို သူငယ်ချင်း နဲ့ မိမိကာကွယ်ပေးလိုတဲ့ မိသားစုဝင်တွေကိုလဲ တစ်ဆင့် လက်ဆင့်ကမ်းမျှဝေပေးကြပါ။

အွန်လိုင်းပေါ်မှာ ပြုလုပ်သမျှတွေအပေါ် သက်ရောက်နိုင်မယ့် အန္တရယ် အချို့လည်း ရှိနိုင်ပါတယ်။လျှို့ဝှက် ပုန်းကွယ် နေထိုင်ဖို့အတွက် ကြက်သွန်နီလိုမျိုး အကာအကွယ်အလွှာပေါင်းစုံနဲ့ ကွဲပြားတဲ့ နည်းဗျူဟာအတိုင်း စဉ်းစားဖို့ လိုအပ်ပါတယ်။ မိမိနေ့စဉ်လုပ်ဆောင်မှုတွေက အန္တရာယ်ပိုမိုများပြားလေလေ မိမိအနေဖြင့် အဆင့်များများကို ပိုမိုလုပ်ဆောင်ရန်လိုအပ်လေ ဖြစ်ပါတယ်။

ကဲ စလိုက်ရအောင်။

  • 1

    လူတိုင်းလိုက်နာဆောင်ရွက်သင့်သည့် ဒစ်ဂျစ်တယ် လုံခြုံရေးစနစ် အခြေခံ အဆင့်များ

    ယခုဖော်ပြမည့် အချက်အလက်တွေကတော့ ကာကွယ်ရေးအဆင့်ဆင့်အလွှာတွေထဲမှာ ပထမဦးဆုံးအလွှာပဲဖြစ်ပါတယ်။ မည်သည့်နည်းပညာကို အသုံးပြုနေပါစေ အောက်ပါကြိုတင်ကာကွယ်မှုများကို ပြုလုပ်ဆောင်ရွက်သင့်ပါတယ်။
    ပိုမိုဖတ်ရှုရန်
    သင်၏သတင်းအချက်အလက်အရင်းအမြစ်ကိုမှန်ကန်ကြောင်းအတည်ပြုပါ။

    သတင်းအတုများနှင့်သတင်းမှားများကိုအထူးသဖြင့်လူမှုမီဒီယာအွန်လိုင်းများတွင် အလွယ်တကူဖြန့်နိုင်ပါတယ်။
    မိမိဖတ်ပြီးသည့်အကြောင်းအရာတစ်ခုခုကို မယုံကြည်မီ သို့မဟုတ် လုပ်ဆောင်ခြင်းမပြုလုပ်မီ ၎င်းသည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်မှဖြစ်ကြောင်းဟုတ်မဟုတ်ကို အတည်ပြုရန်အရင် ကြိုးစားပါ။
    ညံ့ဖျင်းစွာရေးသားထားသောဆောင်းပါးများ နှင့် လုပ်ကြံဖန်တီးထားသောပုံရိပ်များကို ကြည့်တာနဲ့ သိနိုင်သလို တချို့ သတင်းအတုများက ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကြံ ဖန်တီးထားနိုင်ကြပါတယ်။


    Sensitive အချက်အလက်များနှင့်ဓာတ်ပုံများကိုဖျက်ပစ်ပါ။

    အကယ်၍ မိမိဖုန်းကို သိမ်းဆည်းစစ်ဆေးခံရပါက မိမိရေးသားထားသော၊ ဝေမျှထားသော သို့မဟုတ် သိမ်းဆည်းထားသည့်အရာအားလုံး အထူးသဖြင့်နိုင်ငံတော်၊ စစ်တပ်( သို့မဟုတ်) ရဲကိုဝေဖန်သည့်နိုင်ငံရေးလှုပ်ရှားမှု များကို သက်သေအထောက်အထားများအဖြစ်အသုံးချပြီး သင့်ကို တရားဆွဲဆိုနိုင်ပါတယ်။
    WhatsApp သို့မဟုတ် Viber ကဲ့သို့သောအက်ပ်များမှ မက်ဆေ့ခ်ျများနှင့်ဓါတ်ပုံများကို အလိုအလျှောက်သိမ်းဆည်းပေးထားသည့် စနစ်ကို ပိတ်ထားပေးပါ။
    မဟုတ်ပါက အခြားသူတစ် ဦးတစ်ယောက်ပို့ထားတဲ့ ဓာတ်ပုံများက သင့်အတွက် ပြသာနာတက်နိုင်ပါတယ်။
    အစိုးရကိုဝေဖန်သောပုဂ္ဂလိကစာများကို ပို့ပြီးသည်နှင့် (သို့မဟုတ်) လက်ခံပြီးသည့်နောက် ချက်ချင်းဖျက်ပစ်ပေးပါ။
    အများပြည်သူရုပ်သံလိုင်း နှင့် ဂရုများတွင် မိမိနာမည်အစစ် နှင့် ဓါတ်ပုံကို အသုံးမပြုပါနဲ့။

    ရှည်လျားသော၊ ထူးခြားသောစကားဝှက်များကိုသုံးပါ။

    သင့်ဖုန်းအတွက် face (သို့မဟုတ်) touch ID အစား passcode ကိုသုံးပါ။ passcode ကိုရှည်နိုင်သမျှ ရှည်အောင်ထားပါ။
    အကောင့်တိုင်းအတွက်မတူညီတဲ့ password အရှည်ကိုသုံးပေးပါ။
    KeePass ကဲ့သို့သော passwordဆော့ဝဲလ်သည် ခိုင်မာသောစကားဝှက်များကိုဖန်တီးပေးနိုင်ရုံသာမက ပြန်ခြေရာခံနိုင်ရန်အတွက်လည်း အကူညီပေးပါတယ်။ iPhone နှင့် Google ကနေတဆင့်ပြုလုပ်နည်း။

    သင့်ရဲ့လူမှုကွန်ရက်အကောင့်များကို "Friends Only” သာထားပါ။

    သင်၏လူမှုမီဒီယာအကောက်ကို Public ထားထားပါက မည်သူမဆိုသင့်ပို့စ်များကိုမြင်နိုင်ပြီး သင့်အားဆန့်ကျင်သောအမှုတွင်အသုံးချနိုင်သည်။
    Facebook နဲ့ Twitter အကောက်များကို “friends only” နဲ့ထားပေးပါ။
    Friend list ကိုသေချာ ပြန်စစ်ဆေးပြီး မိမိနဲ့ မသိတဲ့သူ နှင့် မယုံကြည်ရတဲ့သူများကို Unfriend/ Unfollow လုပ်ပေးပါ။
    ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သည့် ဖုန်းနံပါတ် သို့မဟုတ် နေရပ်လိပ်စာ များကိုဘယ်တော့မှမတင်ပါနဲ့။

    မသင်္ကာစရာ link များကို မနှိပ်ပါနဲ့။

    စာတို သို့မဟုတ် email မှ ပေးပို့လာသော link များကို သင်သိသောသူများမှ ပေးပို့လာရင်တောင်သတိရှိပါ။ ဟက်ကာများကို ဒီလို အန္တရာယ်ရှိသော link များမှ ဝင်ငွေတွေအများကြီးရနေတာဖြစ်ပါတယ်။ သင့် app တွေက ဟက်ကာတွေထံမှာ ကာကွယ်ရန် update အသစ်တွေ ပုံမှန်ထုတ်နေတာဖြစ်လို့ app auto-update များကိုဖွင့်ထားပါ။

    သင့်ရဲ့ဖုန်း ဖောင့်စာသား ကို Unicode ပြောင်းပါ။

    အကယ်၍ သင်က မြန်မာပြည်မှာနေပြီး အခုထက်ထိ ဇော်ဂျီကို အသုံးပြုနေတုန်းပဲဆိုရင် သင့်ရဲ့ ဖုန်းကီးဘုတ်ကို Xiaomi ဖုန်း နှင့် အခြားအမှတ်တံဆိပ်များအတွက် ထုတ်ပေးထားသည့် လမ်းညွှန်များအတိုင်းလိုက်နာပြီး ယူနီကုဒ်သို့ ပြောင်းလဲဖို့ အချိန်တန်ပါပြီ။

    ဆန္ဒပြပွဲများကို တက်ရောက်နေသူများ ဆက်လက်ဖတ်ရှုရန်
    ပြန်ပိတ်ရန်
    Toggle accordion item
  • 2

    ခုခံထောက်ခံသူများအတွက် ဒီဂျစ်တယ်လုံခြုံရေးစနစ် နည်းလမ်းများ

    အကယ်၍ သင်သည် မည်သည့် ခုခံလှုပ်ရှားမှုများတွင် ပါဝင်ပက်သက်ထားမိပါက အောက်ဖော်ပြပါ ကာကွယ်ရေးအဆင့် ဒုတိယအလွှာကို လိုက်နာဆောက်ရွက်ပေးပါ။
    ပိုမိုဖတ်ရှုရန်
    လွယ်ကူသော အထူး login အကာအကွယ်ကိုအသုံးပြုပါ။

    Google ရဲ့ Advanced Protection ကိုအသုံးပြုပြီး တစ်ခြားသူများ သင့်အကောင့်ထဲကိုဝင်ခြင်းမှကာကွယ်ပါ။

    Encrypted apps များကိုသုံးပါ၊ Message များကိုပျောက်သွားအောင်လုပ်ထားပါ။

    Telegram ကဲ့သို့သော စိတ်ချလုံခြုံရသည့်အက်ပလီကေးရှင်းများ၊ အီးမေးလ်အတွက် Protonmail ကိုအသုံးပြုခြင်းက မိမိလုံခြုံရေးအတွက်အကောင်းဆုံးဖြစ်ပါတယ်။
    အများပြည်သူသုံး ချန်နယ်များတွင် မိမိအမည်အစစ်အမှန် (သို့မဟုတ်) ဓာတ်ပုံကို avatar/ Profile picture အဖြစ်အသုံးမပြုပါနှင့်။ ဖေ့ဘုတ် မက်ဆင်ဂျာ သုံးမယ်ဆိုပါက ပေးပို့ထားသောစာများကို ပျောက်သွားအောင်လုပ်ထားပါ။
    မိမိဖုန်းတွင် နာမည်မှတ်တဲ့အခါ တစ်ဖက်လူ၏အမည်ကို နာမည်ပြောင် (သို့မဟုတ်) အတိုကောက်အမည်ကိုသာ မှတ်ထားပေးပါ။ သူတို့ ကိုယ်ရေးအချက်အလက်ကို ကာကွယ်ပေးတဲ့ အနေဖြင့် နာမည်အပြည့်အစုံနှင့် ဖုန်းနံပါတ်ကို မမှတ်ထားပေးပါနှင့်။

    ဆန္ဒပြပွဲများတွင် သင့်ရဲ့ရုပ်ရည်နှင့် ကိုယ်ရေးကိုယ်တာကို ကာကွယ်ပါ။

    ဆန္ဒပြမှုများမှာတွင် လုံလုံခြုံခြုံနေပါ။ အင်္ကျီဗြောင်လက်ရှည်ကို ဝတ်ဆင်ပေးပါ။ မျက်နှာကိုမျက်နှာဖုံး၊ မျက်မှန် များ တပ်ဆင်ပေးပြီး အကာအကွယ်ပေးထားပါ။ မိမိဖုန်းကိုအိမ်တွင်ထားခဲ့ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ယူခဲ့မည်ဆိုလျှင် မိမိဖုန်းကိုခြေရာခံခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဖုန်းကို Airplane mode လုပ်ပေးထားပါ။ Android မှာဆိုလျှင် full encryption လုပ်ထားပါ။ အင်တာနက် အဖျက်ခံရတော့မည်ဆိုပါက Briar ကဲ့သို့သော အင်တာနက်မလိုအပ်သည့် အက်ပ် များကို ဒေါင်းလုဒ် လုပ်ပေးထားပါ။

    အင်တာနက် ဆင်ဆာဖျက်ခြင်းကို ကျော်လွှားရန်။

    အကယ်၍ နိုင်ငံတော်က အချို့သောဝက်ဘ်ဆိုက်များကိုပိတ်ဆို့ထားပါက VPN ကို အသုံးပြု၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Express VPN ကဲ့သို့သော မိမိကိုယ်ရေးအချက်အလက်ကို မသိမ်းထားသည့် VPN လိုမျိုး အသုံးပြုဖို့ အကြံပြုလိုပါသည်။ ရှာဖွေရန် လိုအပ်သည့် အချက်အလက်များအတွက် အတွက် DuckDuckGo ကို Incognito (သို့) Private mode ကိုဖွင့်ပြီး အသုံးပြုပေးပါ။

    ပျောက်သွားသောဖုန်းများထဲမှ အချက်အလက်များကို အိမ်ကနေလှမ်းဖျက်ပစ်ပါ။

    “Find my iPhone” (သို့) Android အတွက် “Find my device” ကို ဖွင့်ထားပေးပါ။ အကယ်၍ ဖုန်း ပျောက်ဆုံးခဲ့ပါက iPhone (သို့) Android ဖုန်းတွေအတွက် အဝေးကနေ အချက်အလက်တွေ မည်ကဲ့သို့ ဖယ်ရှားရမလဲဆို တာ ကြည့်ကြည့်လိုက်ရအောင်။

    CDM ဦးဆောင်နေသူများ နှင့် တော်လှန်ရေးဦးဆောင်နေသူများ ဆက်လက်ဖတ်ရှုရန်
    ပြန်ပိတ်ရန်
    Toggle accordion item
  • 3

    အာဏာပိုင်များ၏ ပစ်မှတ်အဖြစ် အလားလာရှိသည့်သူများ အတွက် ဒီဂျစ်တယ်လုံခြုံရေးစနစ် နည်းလမ်းများ

    သင့် အလုပ် (သို့) လှုပ်ရှားမှုများကြောင့် သင်သည့် ပြည်နယ်ပစ်မှတ် ဖြစ်လာနိုင်ပါက သင့်လုံခြုံရေးအတွက် အောက်ဖော်ပြပါ အဆင့်များကို လိုက်နာဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။
    ပိုမိုဖတ်ရှုရန်
    သင့်၏အလုပ်လမ်းကြောင်းကို encrypt လုပ်ပါ။

    မိမိအလုပ်ကအန္တရာယ်များတယ်ဆိုရင် Google ရဲ့ Advanced Protection ၊ မက်ဆေ့များကို သက်တမ်းကုန်ဆုံးစေမည့် Protonmail နှင့်စက္ကန့်ပိုင်းအတွင်း Factory reset လုပ်ပေးနိုင်မည့် Chromebook တို့ကိုအသုံးပြုပေးပါ။
    မိမိအလုပ်ကို SpiderOak ကဲ့သို့လုံခြုံစိတ်ချရသော ဆာဗာများတွင် အရန်ကူးယူပြီး လိုအပ်သည့်အရေးပေါ်အခြေအနေများတွင်မိမိ၏ကွန်ပျူတာကိုဖျက်ရန်လိုအပ်သည့်အဆင့်များကိုလေ့ကျင့်ပေးထားပါ။
    မိမိအဖွဲ့တစ်ခုလုံးကို လုံခြုံစိတ်ချရသည့် နေရာတွင်ထားပါ။ အကယ်၍ တတ်နိုင်ပါက လုံခြုံရေးအတွက် အဖွဲ့ကို လေ့ကျင့်ပေးထားပါ။

    အမည်မသိစွာ သတင်းများမျှဝေပါ။

    မေးလ် လုပ်ရန်အတွက် နာမည် နှင့် နေရပ်လိပ်စာ လိုအပ်ပါသည်။
    Telegram ချန်နယ်ကို အသုံးပြုထားလျှင် နေရပ်လိပ်စာ ဖြည့်ရန် မလိုအပ်ပါ။

    သင့် website ဆင်ဆာလုပ်ခံရလျှင် copy များပွားထားပါ။

    Archive.is ကို အသုံးပြု၍ မည်သည့် ၀ က်ဘ်ဆိုဒ်၏“ snapshot” မှတ်တမ်းများကိုတောင်းဆိုနိုင်ပါသည် (ဤ ဝက်ဘ်ဆိုဒ်သည် မိမိဖယ်ရှားပစ်မည်ဟုထင်မြင်သည့် နိုင်ငံတော် ၀ဘ်ဆိုဒ်ကိုသိမ်းဆည်းထားနိုင်ရန်အတွက်လည်းဖြစ်ပါသည်။ ) သင်၏ဖေ့စ်ဘွတ်ခ်စာမျက်နှာဆင်ဆာလုပ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပါက သင်၏အကြောင်းအရာများကိုကူးယူသိမ်းဆည်းပါ။
    အကယ်၍ နည်းပညာပိုင်းကျွမ်းကျင်သည့် အသင်း (သို့မဟုတ်) ဆော့ဖ်ဝဲရေးသူတစ် ဦး ကိုဆက်သွယ်ခွင့်ရှိပါက IPFS ကဲ့သို့သော ဝက်ဘ်ဆိုက် hosting tool ကို အသုံးပြု၍ အခြား URL တစ်ခုတွင် မိမိဝက်ဘ်ဆိုက် နောက်တစ်ခုကိုဖန်တီးထားနိုင်ပါသည်။

    ထွက်ပေါ်လာသောစာရွက်စာတမ်းများမှလုံခြုံသောအကွာအဝေးတစ်ခုဖန်တီးပါ။

    အချို့တက်ကြွလှုပ်ရှားသူများသည် သတင်းပေးသူများ နှင့် အမည်မသိသောအရင်းအမြစ်များနှင့်အတူ အလုပ်လုပ်နေကြပါသည်။
    ဤဖိုင်များနှင့်အလုပ်လုပ်ရာတွင် ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲတွင်အန္တရာယ်ရှိသောဗိုင်းရပ်စ်များပါ ၀ င်နိုင်သည့်အတွက်ကြောင့် ဖြစ်ပါသည်။
    မိမိကွန်ပျူတာ စိတ်ချ လုံခြုံစေရန်အတွက် Tails ကဲ့သို့သော အက်ပ်မှတဆင့် အရင် boot လုပ်ပေးပါ။ ပြီးလျှင် ဖိုင်များကို သန့်ရှင်းပေးမည့် anti virus ဆော့ဖ်ဝဲလ်ကို အသုံးပြုပေးဖို့ လိုအပ်ပါသည်။
    မိမိ ပုံမှန် အလုပ်လုပ်နေသည့် ကွန်ပြူတာ နှင့် အရေးကြီးသည့် သတင်းအချက်အလက်များကို ပိုမို စိတ်ချလုံခြုစေရန်အတွက် အလားတူ နည်းလမ်းကို အသုံးပြုပေးနိုင်ပါသည်။

    သင့် computer ကို backup copy ကူးယူထားပါ။

    သက်သေအထောက်အထားများ၊ သတင်းရင်းမြစ်အမည်များ နှင့်စည်းရုံးလှုံ့ဆော်ရေးမဟာဗျူဟာများစသည့် မိမိအတွက်အရေးကြီးသောသတင်းအချက်အလက်များကို လုံခြုံစိတ်ချရသည့် back up တစ်ခုထားရှိရန်လိုအပ်ပါသည်။
    Spider Oak မှ One Backup ကဲ့သို့သော ဆာဗာများဖြင့်ပြုလုပ်ပေးပါ။

    အရေးကြီးသော ဖိုင်လ် များကို encrypt လုပ်ထားပါ။

    မိမိကွန်ပျူတာ အသိမ်းခံရပါက ဖိုင်များကို လုံခြုံစွာသိမ်းဆည်းထားနိုငိရန်အတွက်စကားဝှက်တစ်ခုတည်းဖြင့် မလုံလောက်တော့ပါ။ မိမိ အသုံးပြုနေသည့် စက်ကိရိယာများ၏ setting ကို အဆင့်မြှင့်ပေးခြင်း သို့မဟုတ် Veracrypt ကဲ့သို့သော open source ဆော့ဝဲလ်များကို အသုံးပြုပြီး သတင်းအချက်အလက်များကို လုံခြုံအောင် ထားနိုင်ပါသည်။

    အရေးပေါ်အခြေအနေမှာဆိုလျှင် သင့် hard drive ကိုဖျက်ထားပါ။

    မိမိဖိုင်များ စနစ်တကျအရန်ကူးထားကြောင်းစစ်ဆေးရန်အတွက် ယခုအချိန်သည်အချိန်ကောင်းဖြစ်ပါသည်။
    အရေးပေါ်အခြေအနေတွင် ဤအရာများကိုမဖျက်သိမ်းမီ သေချာအောင်အတွက် စစ်ဆေးရန် လိုအပ်ပါသည်။
    အကယ်၍ ဖမ်းဆီးခံထားရချိန်မှာ အန္တရာယ်ကင်းစွာ ပြုလုပ်နိုင်သည့်အဆင့်များမှာ -
    မိမိဖုန်းအတွက် passcode များမှားယွင်းစွာထည့်ခြင်းသည် အချိန်ကြာမြင့်စွာလော့ခ်ကျစေပြီး
    နောက်ဆုံးတွင် အချက်အလက်များကို ပျက်စီးစေနိုင်ပါသည်။
    Chromebook များအတွက် factory reset ပြန်ချပေးပါ။
    Windows အတွက် အချို့သောဖိုင်များကိုအမြဲတမ်းဖျက်ရန်အတွက် Secure Eraser ကိုသုံးနိုင်သည် (သို့) Hard Drive တစ်ခုလုံးကိုဖျက်ပစ်ရန် အတွက် DBAN ကို အသုံးပြုနိုင်ပါသည်။
    ပြန်ပိတ်ရန်
    Toggle accordion item

ယခုဖော်ပြပါ အရေးကြီးသည့် အချက်အလက်များကို စခရင်ရှော့(ခ်) ရိုက်ယူထားပြီး လုံခြုံစိတ်ချရသည့် ချန်နယ်များ နှင့် နက်ဝေါ့ များတွက် မျှဝေပေးပါ။

Was this article helpful?
YesNo